ဝမ်းချုပ်ခြင်းပြဿနာ

ဝမ်းချုပ်ခြင်းသည် လူအများစု တစ်ကြိမ်သို့မဟုတ် ယင်းထက်ပို၍ ကြုံတွေ့ဖူးသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ အချို့မှာ နာတာရှည်ဝမ်းချုပ်သည့် အကျင့်ကြီးပါသွားသဖြင့် ဝမ်းနုတ်ဆေးများ ပုံမှန် အသုံးပြုနေကြရပါသည်။

ဝမ်းချုပ်ခြင်းသည် ရောဂါတစ်ခုမဟုတ်ဘဲ ရောဂါတစ်ခုခု၏ လက္ခဏာကြောင့် ဖြစ်နိုင်သလို မည်သည့် ရောဂါမှမရှိဘဲ အနေအထိုင် အစားအသောက်ပုံစံ မှားယွင်းနေမှုကြောင့် ဖြစ်ရသည်က အများစု ဖြစ်ပါသည်။

ယခုစာအုပ်တွင် ဝမ်းချုပ်ခြင်းနှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ ဝမ်းမချုပ်အောင် နေထိုင် စားသောက်ပုံ၊ ရေရှည်ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုးကျိုးများအပြင် ဝမ်းနုတ်ဆေးများအကြောင်းကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.