ဒိန်ချဉ်ဆေး

Probiotic supplement

Biogurt
Biogurt

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ပရိုဘိုင်အိုတစ် (ဒိန်ချဉ်အနှစ်) ၃၀၀ မီလီဂရမ်တွင် လက်တိုဘေ့စ်စီလပ် အက်စီဒိုဖီးလပ်စ် ၈၇၅ သန်း နှင့်
ဘိုင်ဖီဒိုဘက်တီးရီးယမ်လက်တစ် ၈၇၅ သန်း ပါဝင်ပါသည်။

ပရိုဘိုင်အိုတစ် ဆိုတာဘာလဲ
ပရိုဘိုင်အိုတစ်ဆိုသည်မှာ လူကိုအကျိုးပြုသော အဏုဇီဝပိုးကလေးများ ဖြစ်ပါသည်။ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေသည့် ကောင်းသော ဘက်တီးရီးယားများအဖြစ် သတ်မှတ်ကြပြီး ယင်းတို့ကို flora ဟုလည်း ခေါ်ဆိုကြသည်။ ယင်းတို့သည် ခန္ဓာကိုယ်အတွက် အန္တရာယ်ပေးနိုင်သည့် ဘက်တီးရီးယား ပေါက်ပွားခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါသည်။ လက်တိုဘေ့စ်စီလပ်သည် လူတို့၏ အူနှင့် သားမွေးလမ်းကြောင်းတို့တွင်နေပြီး ဘိုင်ဖီဒိုဘက်တီးရီးယမ်မှာ အူမကြီးတွင်နေသော အကျိုးပြုဘက်တီးရီးယားပိုးလေးများ ဖြစ်ပါသည်။

အကျိုးအာနိသင်များ
◆ ပရိုဘိုင်အိုတစ်ကို ပုံမှန်မှီဝဲခြင်းဖြင့် လူကိုအကျိုးပြုသော ဘက်တီးရီးယားများ တိုးပွားလာစေသည့်အပြင် မလိုလားအပ်သော ဘက်တီးရီးယားများ ပေါက်ပွားမှုကိုလည်း လျော့နည်းစေပါသည်။
◆ ပဋိဇီဝဆေးများသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဘက်တီးရီးယားနှင့် အန္တရာယ်ပြုသော ဘက်တီးရီးယား နှစ်မျိုးလုံးကို ပျက်စီးစေပါသည်။ ပရိုဘိုင်အိုတစ်သည် ပဋိဇီဝဆေးသောက်ပြီး ဆုံးရှုံးသွားသော အကျိုးပြု ဘက်တီးရီးယားများကို ပြန်လည်ဖြည့်ဆည်းပေးသည်။
◆ အင်ဇိုင်းများ ထုတ်ပေးခြင်းဖြင့် အစာချေလုပ်ငန်း ပိုမိုကောင်းမွန်လာစေပြီး အူလမ်းကြောင်းမှ အစာစုပ်ယူမှုကိုလည်း ပိုမိုလွယ်ကူလာစေပါသည်။ လူတို့စားသုံးလိုက်သော အစားအစာများထဲမှ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပြီး interferon သကြားဓာတ်ပြိုကွဲသည့် လုပ်ငန်းစဉ်တွင် ကူညီဆောင်ရွက်ပေးပါသည်။
◆ သွေးဖြူဥလုပ်ငန်းများကို လှုံ့ဆော်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။ ကိုယ်ခံအားတက်စေသည့် ကလာပ်စည်းများနှင့် ဗိုင်းရပ်စ်ပိုးများ သေစေသည့် Interferon ထုတ်လုပ်မှုကို တိုးပွားစေပါသည်။ ထို့ကြောင့် သာမန်သူများလည်း ကိုယ်ခံအားတက်စေရန် သောက်သုံးနိုင်ပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် ကုသရန်
◆ ဝမ်းလျှောဝမ်းပျက်ခြင်းကြောင့် (သို့) ပဋိဇီဝဆေးများသောက်ပြီး ဆုံးရှုံးသွားသော အကျိုးပြုဘက်တီးရီးယားများအား ပြန်လည်ဖြည့်ဆည်းပေးရန်
◆ အိုင်ဘီအက်စ် (ခေါ်) အစာလမ်းကြောင်းရောဂါကို ကုသရန်
◆ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးရန်

သုံးစွဲရန်ဆေးပမာဏ
ကာကွယ်ရန် ၅ နှစ် မှ ၁၂ နှစ် အထိ – တစ်နေ့လျှင် ဆေးတစ်တောင့်၊
၁၂ နှစ် နှင့် အထက် – တစ်နေ့လျှင် ဆေးနှစ်တောင့်
ကုသရန် ၅ နှစ် မှ ၁၂ နှစ်အထိ – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့ နှစ်ကြိမ်၊
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးနှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် သောက်ပါ။
လိုအပ်ပါက တိုး၍ သောက်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

ကြိုတင်သတိပြုရန်
အူလမ်းကြောင်း ထိခိုက်ဒဏ်ရာရခြင်း၊ အူလမ်းကြောင်းဆိုင်ရာ လတ်တလော ခွဲစိတ်ထားခြင်း၊ ကိုယ်အင်္ဂါ အစားထိုးကုသထားခြင်း၊
ကိုယ်ခံအားကျဆင်းစေသည့် ကုသမှုခံယူနေခြင်းနှင့် (၁) နှစ်အောက် ကလေးများ မသောက်သုံးရပါ။

သတိပြုရန်
ပူသောအစားအသောက်နှင့် တွဲ၍စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ အရက်သည် ပရိုဘိုင်အိုတစ် အာနိသင်ကို ပျက်စီးစေသည်။

အခြားသောဆေးများနှင့် ဓာတ်ပြုမှု
(၁) ပဋိဇီဝဆေးသုံးပြီး ၃ ရက် ကြာမှ ပရိုဘိုင်အိုတစ်ကို သောက်ပါ။
(၂) လေနာပျောက်ဆေး သောက်သုံးမည်ဆိုပါက ပရိုဘိုင်အိုတစ် မသောက်မီ နာရီဝက် ကြိုတင်၍ သောက်သုံးသင့်ပါသည်။
(၃) ပရိုဘိုင်အိုတစ်သည် Diazepam နှင့် သန္ဓေတားဆေး၏ အစွမ်းအာနိသင်ကို ရှည်ကြာစေနိုင်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးတောင့် (၁၀)တောင့်၊ ဆေးတစ်ဘူးလျှင် ဆေးကတ် (၁)ကတ် ပါဝင်ပါသည်။
ဆေးတောင့် (၆၀)ဝင် ဆေးဘူးနှင့်လည်း ထုတ်လုပ်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.