ဆီးကျိတ်ကြီးရောဂါ

ဆီးကျိတ်ကြီးရောဂါသည် အသက် ၅၀ ကျော် အမျိုးသားများ စတင်ဖြစ်ပွားလေ့ရှိသော်လည်း အသက်ကြီးလာလေလေ ဆီးကျိတ်မှာ ပို၍ပို၍ ကြီးလာလေလေဖြစ်၍ အမျိုးသားများ မလွဲမသွေ ကြုံတွေ့ရမည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။

အဆိုပါ ဆီးကျိတ်ကြီးရောဂါ မဖြစ်ရလေအောင် နေထိုင်စားသောက်မှုပုံစံကို မှန်ကန်အောင် ပြုပြင် နေထိုင်ခြင်း နှင့် လိုအပ်သောဆေးဝါးများ မှီဝဲခြင်းဖြင့် ရာနှုန်းပြည့် ကာကွယ်နိုင်ပါသည်။

ဆီးကျိတ်ကြီးရောဂါ အဆင့် (၄) သို့ ရောက်ရှိသွားပါက ခွဲစိတ်ကုသရသည့်အတွက် ငွေကြေးကုန်ကျမှု များခြင်း၊ သက်သောင့်သက်သာ မဖြစ်ခြင်း စသည့် ဆိုးကျိုးများ ကြုံတွေ့ရနိုင်ပါသည်။

ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ဆီးကျိတ် ဘာကြောင့်ကြီးလာရသည်၊ ယင်းသို့ မဖြစ်အောင် မည်သို့ ကာကွယ်ရမည်၊ ငွေကြေးကုန်ကျမှုနည်းပြီး ဘေးထွက်ဆိုးကျိုးနည်းသော သဘာဝနည်းလမ်းများကို မည်သို့မည်ပုံ အသုံးပြုသင့်ကြောင်း သိရှိနားလည်မည်ဟု ယုံကြည်ပါသည်။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.