နာတာရှည် ကျောက်ကပ်ရောဂါ အတွက် ကျောက်ကပ်ဆေးပင်

နာတာရှည် ကျောက်ကပ်ရောဂါဆိုသည်မှာ ကျောက်ကပ်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်း ဆောင်တာများ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပို၍ပို၍ ပျက်စီးယိုယွင်းလာပြီး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်မှု မရှိခြင်းကို ဆိုလိုပါသည်။

ကျောက်ကပ်ရောဂါ၏ နောက်ဆုံးအဆင့်ကို ကုသရန်နည်းလမ်းမှာ လူနာ၏ သက်တမ်း တစ်လျှောက်လုံး ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ် အစားထိုးကုသခြင်းသာဖြစ်ရာ ယင်းနည်းလမ်း နှစ်မျိုးစလုံးသည် လူနာ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

ဤစာအုပ်တွင် ဖော်ပြပါရှိသော ကျောက်ကပ်ဆေးပင်၏ အမြစ်တွင် ပါဝင်သည့် အက်စ်ထရာဂယ်လိုဆိုက် – ၄ ဒြပ်ပေါင်းသည် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော ဝေဒနာရှင်တို့အတွက် မျှော်လင့်ချက်အသစ် ဖြစ်လာသည်ကို သုတေသနပြုလုပ်ချက်များအပေါ် အခြေခံ၍ အများနားလည်စေရန် ရေးသားဖော်ပြပေးထားပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.